Home
မြန်မာသတင်း
အိုကလာဟိုးမားပြည်နယ် တော်စလာမြို့က မြန်မာပြည်သူများနှင့် ဒေါက်တာဆာဆာ တွေ့ဆုံ
DVB
·
March 11, 2025

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တော်စလာမြို့က မြန်မာပြည်သူတွေကို ဒေသစံတော်ချိန် မတ် ၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာဆာဆာက “ကျနော့်လိုမျိုး ကိုယ့်မွေးနေ့ကိုယ် မသိခဲ့တဲ့သူတောင်မှ ဒေါက်တာတယောက် ဖြစ်နိုင်ပါတယ်။ ကျနော် ယုံကြည်ပါတယ်၊ အားလုံးလည်း ကိုယ်ဖြစ်ချင်တာတွေကို ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာ။ တဦး တယောက်ချင်းစီက ညီညွတ်ရင် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကျနော်တို့ သေချာပေါက် တွန်းလှန်နိုင်မှာပါ။ ကျနော်တို့ ဒီစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပစ်နိုင်တယ်ဆိုတာ ယုံကြည်ပါတယ်” လို့ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

အခမ်းအနားမတိုင်ခင် ဝန်ကြီးဒေါက်တာဆာဆာက ဓမ္မအောင်မြေ ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပြီး ဗုဒ္ဓဘာသာအသိုက်အဝန်းနဲ့ တွေ့ဆုံကာ တော်လှန်ရေးအတွက် ဆက်ပြီး အားစိုက်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ပြီးမှ ခရစ်ယာန်ဘုရားကျောင်းတွေကို ဆက်သွားခဲ့ပြီး စည်းရုံးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ ပွဲစီစဉ်သူတယောက်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခရစ်ယာန်အသိုက်အဝန်းကို ဦးစားပေးတာတွေ ရှိခဲ့တဲ့အတွက် ခရစ်ယာန်လူမှုအသိုက်အဝန်းကနေတဆင့် မြန်မာပြည်ရဲ့ သတင်းစကားတွေကို ပါးနိုင်ဖို့ ဒေါက်တာဆာဆာက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013