Home
မြန်မာသတင်း
ရေစကြိုတွင် စစ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
March 7, 2025
CDM

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတယောက် မတ် ၅ ရက် မနက်က လက်နက်ခဲနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် ခမရ ၂၅၈ တပ်ရင်းက ကိုယ်ပိုင်အမှတ်-ပစ/၂၃၅၀၇၃ တပ်သား ရဲရင့်အောင်ဟာ မတ် ၅ ရက် မနက် ၉ နာရီလောက်မှာ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက DVB ကို ပြောပါတယ်။

အဲဒီတပ်သားဟာ ၂၀၂၄ ခု နိုဝင်ဘာလက စစ်ကိုင်းတံတားပေါ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်ခြင်းကိုခံခဲ့ရကာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင် လိုစိတ် မရှိတာကြောင့် MA1သေနတ်တလက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၃၀၀၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024