Home
မြန်မာသတင်း
NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန် တာဝန်မှ အနားယူ 
DVB
·
March 7, 2025
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု  ဒုဝန်ကြီး ခွန်းဗဟန်းထန် တာဝန်ကနေ အနားယူသွားတယ်လို့ NUG ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒုဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်မှ အနားယူခွင့်ပြုလိုက်တဲ့အကြောင်း NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ် ၇ ရက်မှာ အမိန့်စာထုတ်ပြန်လိုက်တာဖြစ်ပြီး ဘာကြောင့် တာဝန်ကနေ အနားယူသွားတယ် ဆိုတာကိုတော့ အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။

ခွန်းဗဟန်းထန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ramkhamhaeng တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့  မဟာဘွဲ့ရထားသူတယောက် ဖြစ်ပါတယ်။

ခွန်းဗဟန်းထန်ဟာ ကယန်းပြည်သစ်ပါတီအတွက် ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး တာဝန်ခံအဖြစ် ကိုယ်စားပြုဆောင်ရွက်ခဲ့သူ ဖြစ်သလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး တစိုက်မတ်မတ် ဆောင်ရွက်လာသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခွန်းဗဟန်းထန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ No Vote Campaign လှုပ်ရှားမှုနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံမှာ ပါဝင်ဆောင်ရွက်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း လှုံ့ဆော် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013