
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုရရှိဖို့ မိုဆာလာက ဦးဆောင်နေပေမဲ့ ရာသီသိမ်းချိန်မှာ အပြောင်းအလဲရှိနိုင်သေးကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။
လီဗာပူးတိုက်စစ် ကစားသမားဟာ အသင်းနဲ့ စုစုပေါင်း ၃၉ ပွဲမှာ ဂိုး ၃၀ သွင်းယူပြီး အကောင်းဆုံး စွမ်းဆောင်ရည်ရရှိ နေတာပါ။
လီဗာပူးအသင်းကို အကြိမ်၂၀ မြောက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ ကူညီပေးထားသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ရောက်ရှိနေတာပါ။
လက်ရှိအခြေအနေအရ ဘလွန်းဒီအောဆုကို မိုဆာလာရဖို့ ဦးဆောင်ပေမဲ့ ချန်ပီယံလိဂ် နောက်ပိုင်းအဆင့်ပွဲစဉ်တွေက အဆုံးအဖြတ်ဖြစ်လာနိုင်လို့ အပြောင်းအလဲတွေရှိလာနိုင်ကြောင်း ဖာဒီနန်က ပြောပါတယ်။
ချန်ပီယံလိဂ်မှာ လီဗာပူးကို ပီအက်စ်ဂျီက အနိုင်ယူကျော်ဖြတ်သွားမယ်ဆိုရင် ဘလွန်းဒီအောဆု အတွက် ဒမ်ဘီလီက ဦးဆောင်လာနိုင်သလိုမျိုး ရီးရဲလ်မက်ဒရစ်နောက် တဆင့်တက်လာရင်လည်း အမ်ဘာပေ၊ ဗင်နီဆီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့က ဘလွန်းဒီအော ဆုအတွက် ရေပန်းစားမှု ပြောင်းလဲလာနိုင်ကြောင်း ဖာဒီနန်က သုံးသပ်သွားပါတယ်။
Photo: Reuters




