ဘလွန်းဒီအောဆု ၅ ကြိမ်လောက်အထိ ရရှိသင့်တဲ့ ကစားသမားကို အီတလီဂိုးသမားကြီး ဘက်ဖွန်က ထုတ်ဖော်ပြောသွားပါတယ်။
ကစားသမားဘ၀ ၂၈ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ဘတ်ဖွန်ဟာ ၂၀၂၃ ခုနှစ်က ပါးမားအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့သူပါ။
ဘက်ဖွန်ဟာ ဆယ်စုနှစ် ၃ ခု လောက်အတွင်းမှာ ကစားသမားမျိုးဆက် ၃ ဆက်လောက်နဲ့ ဖြတ်သန်းလာခဲ့တာဖြစ်ပြီး ဘလွန်းဒီအောဆု ၅ ကြိမ်လောက် ရရှိသင့်ပေမဲ့ တကြိမ်မှ မရရှိခဲ့တဲ့ ကစားသမားတယောက်ကိုလည်း ထုတ်ဖော်ပြောသွားခဲ့တာပါ။
ကစားသမားဘဝတလျှောက် အကောင်းဆုံးတယောက်ကို ရွေးဖို့ကခက်ခဲပြီး ဇီဒန်း၊ ရိုနယ်ဒို၊ မက်ဆီ၊ ခရစ္စတီယာနို၊ အင်နီယေစတာ စတဲ့မျိုးဆက် ၃ ဆက်လောက် ဖြတ်သန်းခဲ့ကြောင်း၊ တယောက်ကိုပဲ ရွေးချယ်ရမယ်ဆိုရင်တော့ ဘရာဇီးကစားသမား နေမာ ဖြစ်ပြီး နေမာဟာ ဘလွန်းဒီအော ဆု ၅ ကြိမ်လောက်အထိရရှိသင့်သူလို ဘက်ဖွန်က ပြောသွားပါတယ်။