Home
နိုင်ငံတကာ
ဆီမီးကွန်ဒက်တာကုမ္ပဏီ TSMC က အမေရိကန်တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
DVB
·
March 4, 2025
Photo: REUTERS/Ann Wang/

ကမ္ဘာ့အကြီးဆုံး ဆီမီးကွန်ဒက်တာကုမ္ပဏီ TSMC ဟာ အမေရိကန်မှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်း မတ် ၃ ရက်က ကြေညာပါတယ်။

လာမယ့်နှစ်တွေမှာ ချစ်ပ်ပြားထုတ်လုပ်တဲ့ စက်ရုံ ၅ ရုံ တည်ဆောက်မှာ ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး အရီဇိုးနားပြည်နယ်မှာ အဓိက ပြုလုပ်မှာဖြစ်ပါတယ်။

ထိုင်ဝမ်ဆီမီးကွန်ဒက်တာဖြန့်ချိရေးကုမ္ပဏီက အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့  တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကိုလည်း ပြောခဲ့ပါတယ်။

TSMC ဟာ အမေရိကန်ရဲ့ Hardware ထုတ်လုပ်ဖြန့်ဖြူးမှုအတွက် ချစ်ပ်ပြားတွေ အဓိက တင်သွင်းတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ပြည်တွင်းထုတ်လုပ်ရေးကို တိုးမြှင့်စေမှာဖြစ်ပြီး အာရှတိုက်ရဲ့ ဆီမီးကွန်ဒက်တာအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

TSMC ဟာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၂၅ ဘီလီယံကနေ ဒေါ်လာ ၆၅ ဘီလီယံအထိ တိုးမြှင့်ဖို့လည်း သဘောတူညီခဲ့ပါတယ်။

အရီဇိုးနားမှာ ၂၀၃၀ ပြည့်နှစ်ကျရင် တတိယမြောက်စက်ရုံ တည်ဆောက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက် ပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ စီးပွားရေးဆိုင်ရာ စိုးရိမ်မှုရှိခဲ့တဲ့ မဲပေးသူတွေက အနိုင်ရအောင် မဲပေးခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်က ပြည်တွင်းလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ဖို့ တိုးမြှင့်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်သူတွေရဲ့ အနေအထားက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ဖိအားပေးမှုကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်တယ်လို့ ကြေညာထားပေမဲ့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက တရုတ်ရဲ့ ကြေညာမှုကို ပယ်ချထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013