Home
သတင်းဓာတ်ပုံ
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ ရမ်ဇာန်လမြတ်အတွက် ပြင်ဆင်နေ
DVB
·
March 4, 2025
Photo ; BNA
Photo ; BNA
Photo ; BNA
Photo ; BNA
Photo ; BNA
Photo ; BNA
Photo ; BNA
Photo ; BNA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာ ရမ်ဇာန်လမြတ်အတွက် စျေးဝယ်တာတွေ ပြုလုပ်နေကြပါတယ်။

အဲဒီဒုက္ခသည်တွေဟာ စခန်းတွေထဲမှာ ပိတ်လှောင်ခံထားကြရပြီး အလုပ်အကိုင် မရှိသူတွေ များသလို ပုံမှန်ဝင်ငွေမရှိကြတာမို့ ရမ်ဇာန်လမြတ်ဥပုသ်လအတွင်း ပိုမိုခက်ခဲနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တချို့ကတော့ ရမ်ဇာန်လမြတ်အတွက် စားနပ်ရိက္ခာ ထောက်ပံ့တာတွေရှိတယ်လို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတယောက်က ပြောပါတယ်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ၂၀၁၇ သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကြောင့် ၂၀၁၇ သြဂုတ် ၂၅ ရက်မှ ၂၀၁၈ မတ်လထိ ရိုဟင်ဂျာကျေးရွာပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲ့ရပြီး လူပေါင်း ၆၈၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW) က ၂၀၁၈ ခုနှစ်၊ မတ် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေရာတွေကို အာရက္ခတပ်တော် (AA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကတော့ မသေချာသေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက တဆင့် သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013