Home
မြန်မာသတင်း
မောင်တောက နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်ဟောင်းကို စစ်ကောင်စီ ဗုံးကြဲ
DVB
·
March 1, 2025

အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်ကွပ်ကဲမှု ဌာနချုပ်ဟောင်းကို မတ် ၁ ရက်နေ့ ဒီမနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျီးကန်းပြင် နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်ဟောင်းကို  ဒီမနက် ၁ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

အဲဒီဗုံးသီးတွေဟာ နခခ ဌာနချုပ်ရဲ့ အဆောက်ဦတချို့အပေါ်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးခဲ့ပေမယ့် ထိခိုက်သေဆုံးသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

နယ်ခြားစောင့်ဌာနချုပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ မေ ၂ ရက်နေ့မှာ AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တယ်ထင်တာကြောင့် လာရောက်ဗုံးကြဲခဲ့တာဖြစ်မယ် လို့ ပြောပါတယ်။

AA သိမ်းပိုက်ထိန်ချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ပျဉ်ကျေးရွာကိုလည်း ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတခုနဲ့ နေအိမ်အဆောက်ဦတချို့ ထိခိုက်ပျက်စီခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024