
စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဒေသမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်ပြီးတော့ “လူတွေကို သတ်နိုင်သမျှ သတ်ပစ်မယ်” လို့ ခြိမ်းခြောက်တဲ့ အီးမေးလ်တွေ ပို့ထားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက်ကို ဖေဖော်ဝါရီ ၂၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခြိမ်းခြောက်မှုတွေ ရရှိခဲ့ပြီးနောက်မှာ ဘူညောလ်မြို့နဲ့အနီးတဝိုက်ရှိ စာသင်ကျောင်း အများအပြား ကို ပိတ်ထားလိုက်ရတာတွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတာတွေ လုပ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဘူညောလ်မြူနီစီပယ်တာဝန်ရှိသူက "မနက်အစောပိုင်းကတည်းက ဂွာဒီယာ စီဗီလ်နဲ့ ဘူညောလ် ဒေသဆိုင်ရာရဲတပ်ဖွဲ့ဟာ စာသင်ကျောင်းတွေ အားလုံးကို စစ်ဆေးပြီးတော့ သူတို့ကိုကာကွယ်ပေးရမယ့် တာဝန်ယူခဲ့တယ်" လို့ ပြောပါတယ်။
ဟေ့ပ်ဟယ်ဗန်းတေးစ်ကျောင်းရဲ့ ကျောင်းအုပ် ဆီးဗီးယားဂင်ဒါက “မနက်အစောကြီး ကိုယ်ရေးကိုယ်တာသုံး ဖုန်းထဲမှာ မက်ဆေ့ချ်ဝင်လာပြီး အီးမေးလ်ကို တွေ့လိုက်ရချိန်မှာ အဆက်အသွယ်ရှာပြီး ရပ်ရွာကျောင်းအုပ်ကြီးက မြို့တော်ခန်းမကို ပြောပြတယ်။ ဒီကိစ္စကို သတိရှိရှိ အာရုံစိုက်ပြီးစည်းမျဥ်းစည်းကမ်းတွေ ချထားတယ်။ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်တပ်ဖွဲ့တွေ ရောက်လာတော့ ကြိုတင်ကာကွယ်မှု အနေနဲ့ အတန်းတွေကို ဖျက်သိမ်းလိုက်တယ်”လို့ ပြောပါတယ်။
Source: Reuters