
ဆွီဒင်နိုင်ငံ ကျောင်းတကျောင်းမှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် စတော့ဟုမ်းကနေ ၁၂၄ မိုင် အကွာမှာရှိတဲ့ အိုရီဘရို ဒေသရှိ ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေနတ်သမားလို့ ယူဆရသူပါ သေဆုံးခဲ့တာပါ။
ဒါဟာ ဆွီဒင်နိုင်ငံရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံးနဲ့ အကြီးဆုံး သေနတ်ပစ်ခတ်မှုလို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြစ်မှုကျူးလွန်တဲ့ အမျိုးသားဟာ သေဆုံးသူတွေထဲမှာ ပါဝင်ပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း မပြောပေမဲ့ သူတယောက်တည်း ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုမှာ လူအများစု ဒဏ်ရာရခဲ့ပြီး ၄ ယောက်ထက်မနည်း ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။
အစောပိုင်းက ရဲတပ်ဖွဲ့ရဲ့ပြောမှုအရ လူ ၅ ယောက် အပစ်ခံရပြီး စုံစမ်းမှုတွေ ဆက်လုပ်တဲ့အချိန် လူသတ်မှု၊ မီးရှို့မှု၊ လက်နက်နဲ့ ပိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
Source : Reuters