Home
နိုင်ငံတကာ
ထောင်ဖောက်ဘုရင် ပြင်သစ်ဘဏ်ဓားပြကို ဘယ်လ်ဂျီယံတွင် ဖမ်းဆီး
DVB
·
March 1, 2025
Photo ; Reuters

ထောင်ဖောက်ဘုရင်လို့ နာမည်ပြောင်ပေးထားတဲ့ ပြင်သစ်ဘဏ်ဓားပြ အန်တိုနီယို ဖှယ်ဟာဟာကို ဘယ်လ်ဂျီယံ အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖမ်းမိသွားပြီဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘဟူနိုဟိုတဲယိုက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

"ရာဇ၀တ်ကောင် အန်တိုနီယို ဖှယ်ဟာဟာကို ဖမ်းလိုက်ပြီ" လို့ ဟိုတဲယိုက လူမှုမီဒီယာ ပလက်ဖောင်း X မှာ ရေးသားခဲ့ပြီးတော့ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ရဲ့ ကျွမ်းကျင်မှုနဲ့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေရဲ့ "စံပြပူးပေါင်း ဆောင်ရွက်မှု" အတွက် ချီးကျူးခဲ့ပါတယ်။

ပြင်သစ်မီဒီယာတွေမှာတော့ ဘဏ်ဓားပြ ဖှယ်ဟာဟာ က ဂျာမနီမှာ ဓားပြတိုက်ဖို့ ကြိုးပမ်း ခဲ့ပြီးနောက် ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြပါတယ်။ 

ဘယ်လ်ဂျီယံရဲ့ RTL ရုပ်သံချန်နယ်ဟာ အွိုက်ဖန်မြို့မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အော်ဒီ အမျိုးအစား မော်တော်ကားကို စုံထောက်အဖွဲ့မှ စုံစမ်းစစ်ဆေးနေပုံကို ရိုက်ကူးခဲ့ပါတယ်။  

၂၀၀၃ ခုနှစ်မှာ ပါရီမြို့အနီးရှိ လုံခြုံရေးအမြင့်ဆုံး ဖှဲနဲအကျဉ်းထောင်မှာ ဖှယ်ဟာဟာ ဟာ ဘဏ်ဓားပြတိုက်မှု၊ ၁၉၉၈ ခုနှစ်တုန်က အရင်ထောင်ကနေ ထွက်ပြေးလွတ်မြောက်မှု အပြင် တခြားရာဇ၀တ်မှုတွေအတွက် ပြစ်ဒဏ်ကျခံနေတုန်း သူ့အပေါင်းအသင်းတွေဟာ ထောင်တံခါးကို ဖောက်ခွဲပြီး အစောင့်တွေကို မှုတ်ဆေးနဲ့ ဖျန်းကာ AK 47 သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ထောင်ကနေ ရုပ်ရှင်ပြဇာတ်ဆန်ဆန် လွတ်မြောက်သွားခဲ့ရာကနေ ထောက်ဖောက်ဘုရင် ဆိုတဲ့ နာမည်ပြောင်ကို ရရှိခဲ့တာပါ။ 

၂၀၀၃ ခုနှစ် ထောင်ဖောက်မှုအတွက် ဖှယ်ဟာဟာ ဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ပြင်သစ်သတင်းစာတွေကတော့   ဖှယ်ဟာဟာ ဟာ အဲဒီထောင်ဒဏ်တွေထဲက ပြစ်ဒဏ်ကာလ အများစုကို ကျခံခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်လာခဲ့ကြောင်း ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013