Home
မြန်မာသတင်း
မန္တလေးတွင် ဘဏ်ဓားပြဖမ်းမိ
DVB
·
February 22, 2025
Photo-စစ်ကောင်စီချန်နယ်

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၂ လမ်းနဲ့ ၇၃ လမ်းကြား၊ ၄၁ လမ်းပေါ်က KBZ ဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်ခဲ့တယ်ဆိုတဲ့ အမျိုးသား ၁ ယောက်ကို ဖေဖော်ဝါရီ ၂၂ ရက်၊ မနက် ၉ နာရီလောက်က ပြန်လည်ဖမ်းမိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားပြဆိုသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း ၁၂၀၊ ၆၈ (ဘီ လမ်းနဲ့ စီလမ်း) ကြားက နေအိမ်တခုမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတဦးက “ဗောဓိကုန်းဘဏ်တိုက်တဲ့ ဓားပြတော့ ဖမ်းမိသွားပြီ ပြောတယ်။ ၆၈ ဘီမှာ ဖမ်းမိတာ။ ဓာတ်ပုံတွေတော့ တွေ့လိုက်တယ်။ စီစီတီဗွီထဲက ဆံပင်ပုံစံနဲ့တော့ မတူဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ သက်သေခံ ပိုက်ဆံထုပ်တွေ၊ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီ၊ ဦးထုပ်နဲ့ သေနတ်တလက်ပါ တွေ့ရှိခဲ့ပြီး ကျပ်ငွေ သိန်း ၁၁,၀၀ လောက် သိမ်းဆည်းမိခဲ့တာ ဖြစ်ပါတယ်။

ဗောဓိကုန်း KBZ ဘဏ်ခွဲ ၃၇ ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတယောက်က ဆိုင်ကယ်နဲ့လာရောက် ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၁,၅၀၀ လောက် ယူဆောင်သွားခဲ့တာပါ။

ဘဏ်ခွဲ ၃၇ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း ဆိုင်ကယ်စီးဓားပြတွေရဲ့ လုယက်မှုကို ကြုံထားရတဲ့ ဘဏ်ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013