
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်မယ့်ဝန်ထမ်း ရှားပါးတာကြောင့် AIREC အဲရက် AI စက်ရုပ်တွေက အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ လေ့လာသူတွေက မျှော်လင့်နေပါတယ်။
AI နဲ့ မောင်းနှင်တဲ့ စက်ရုပ်တွေဟာ သက်ကြီးရွယ်အိုတွေရဲ့ အရေးကြီးတဲ့ ကူညီမှုတွေကို လုပ်ပေးနိုင်ဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်။
ဒိုင်ပါလဲပေးတာတွေ၊ အိပ်ရာနာမဖြစ်အောင် ကူညီပေးတာတွေလိုမျိုး ကူညီမှုတွေ ပြုလုပ်နိုင်မှာပါ။ ဒီပရောဂျက်ကို အစိုးရက ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။
ပါမောက္ခ ဆူဂါနိုက အဲရစ်တွေက လူတွေကို အန္တရာယ်ကင်းစွာ ကိုင်တွယ်နိုင်ပြီး လူတွေရဲ့ လှုပ်ရှားမှုကို အလိုအလျောက် ထိန်းညှိပေးနိုင်တယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အသက်အရွယ် လျော့ကျလာပြီး အဲဒါကို စက်ရုပ်တွေနဲ့ ဖြေရှင်းဖို့ မျက်စိကျလာတာပါ။
လာမယ့် ၁၀ စုနှစ်မှာ အသက် ၁၅ ကနေ ၆၄ နှစ်အထိ လူဦးရေ ၁၀ ရာခိုင်နှုန်း လျော့ကျမှာဖြစ်တယ်လို့ အမျိုးသား လူဦးရေတိုးတက်မှုနဲ့ လူမှုလုံခြုံရေးရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တိုကျိုမှာရှိတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုး လျော့ကျအောင် စမတ်ဒီဘိုက် အမျိုးမျိုးနဲ့ စမ်းသပ်မှုလည်း ပြုလုပ်ခဲ့ပါတယ်။
သက်ကြီးစောင့်ရှောက်မှုကဏ္ဍမှာ အလုပ်သမားလျော့ကျလာမှာဖြစ်လို့ စက်ရုပ်တွေက လူတွေလိုပဲ ပြုစုနိုင်မယ့်နေ့ ရောက်လာမယ်လို့ မီယာမိုတိုက ယုံကြည်နေပါတယ်။
သက်ကြီးစောင့်ရှောက်သူအဖြစ် လုပ်ကိုင်နေတဲ့ တာကာကီက စက်ရုပ်တွေသာ အမှန်တကယ် ဖန်တီးနိုင်ရင် ဒီလုပ်ငန်းကို အကျိုးပြုမယ်လို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။
ဆူဂါနိုကတော့ ၂၀၄၀ ခုနှစ်မှာ စက်ရုပ်တွေကို နေရာစုံမှာ စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
၂၀၅၀ မှာ ဒီစက်ရုပ်တွေဟာ သူနာပြုလုပ်ငန်းတွေမှာ ပါဝင်နိုင်မှာဖြစ်သလို ဆေးကုသမှုတွေမှာလည်း ဆရာဝန်တွေနဲ့အတူ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
Source : Reuters