
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံပြီးနောက် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ ဂျပန်ဝန်ကြီးချုပ် အီရှိဘတို့ဟာ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ နီပွန်စတီးဟာ အမေရိကန်စတီးလုပ်ငန်းကို ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့တာ ပိတ်ပင်ခံခဲ့ရတာနဲ့ပတ်သက်ပြီးလည်း အီရှိဘက ပြောကြားခဲ့ပါသေးတယ်။
အမေရိကန်စတီးကို ပိုင်ဆိုင်ဖို့နဲ့ ပတ်သက်ပြီး ဝယ်မှာမဟုတ်ဘဲ ရင်းနှီးမှာဆိုတဲ့ သဘောတူညီမှုကို အီရှိဘနဲ့ ထရမ့်ပ်တို့ ရရှိခဲ့တာဖြစ်ပါတယ်။
အီရှိဘက “ဂျပန်နည်းပညာနဲ့ သူတို့ဟာ ပိုကောင်းတဲ့ အရည်အသွေး ရအောင်လုပ်နိုင်မှာပါ။ အမေရိကန်စတီးထုတ်ကုန်တွေကလည်း ဂျပန်၊ အမေရိကန်နဲ့ တကမ္ဘာလုံးကို ဖြန့်ချိနိုင် မှာပါ။ ဒါက ကျတော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ တဘက်တည်း အကျိုးလည်းလည်း မဟုတ်ပါဘူး။ ဒါက ၂ ဦး ၂ ဘက် အပြန်အလှန် အကျိုးရှိစေမှာပါ” လို့ ပြောပါတယ်။
အီရှိဘရဲ့ ပြောပုံအရ ဂျပန်နိုင်ငံဟာ အမေရိကန်မှာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ဆန္ဒရှိနေတာ တွေ့ရပါတယ်။
ဒီလို ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တာက အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းပိုပြီး များလာမယ် လို့ အီရှိဘက ယုံကြည်နေပါတယ်။
အဲ့ဒီသဘောတူညီမှုရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့တွေ တင်သွင်းမှုတွေ ပိုများလာဖို့လည်း ဂျပန်မှာ စီစဉ်ထားပါတယ်။
အမေရိကန်ရဲ့ ပြည်ပသွင်းကုန်ခွန် တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုကို အီရှိဘက အမေရိကန်မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက မကြုံဘူးတဲ့ အနေအထားဖြစ်ကြောင်း၊ အယူအဆပိုင်းဆိုင်ရာ မေးခွန်းထုတ်မှုတွေအတွက် ပြန်ပြောစရာမရှိကြောင်း ဖြေကြားခဲ့ပါတယ်။
Source-Reuters