Home
နိုင်ငံတကာ
ဇလန်းစကီးဟာ အလွန်ရဲရင့်သူဖြစ်ဟု ထရမ့်ပ်ချီးကျူး 
DVB
·
February 28, 2025
Photo ; Reuters

ယူကရိန်းသမ္မတဇလန်းစကီးကို လေးစားမှုတွေ ရှိတဲ့အကြောင်းနဲ့  ဇလန်းစကီးဟာ အလွန်ရဲရင့်သူ တယောက်ဖြစ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်တွေ့ဆုံမှု မတိုင်မီ ပြောပါတယ်။

ဇလန်းစကီးကို မကြာသေးခင်က အာဏာရှင်လို့ ခေါ်ခဲ့မှုအတွက် တောင်ပန်ဖို့ ရှိလားဆိုတဲ့ ဘီဘီစီ သတင်းဌာနရဲ့ မေးခွန်းကို အဲ့ဒီလို သူပြောခဲ့တယ်ဆိုတာ မယုံကြည်နိုင်စရာကောင်းကြောင်းနဲ့ ဇယ်လန်းစကီးကို အရမ်းရဲရင့်ကြောင်း ပြောဆိုခဲ့ပါသေးတယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ဟာ ဗြိတိန်ဝန်ကြီးချုပ်စတာမာနဲ့ ယူကရိန်းစစ်ပွဲရပ်စဲရေးဆွေးနွေးပြီးတဲ့နောက် ဇလန်းစကီးအကြောင်း ပြောဆိုခဲ့တာပါ။

ဇလန်းစကီးနဲ့ တွေ့ဆုံမှုဟာ အရမ်းကောင်းတဲ့ တွေ့ဆုံမှုဖြစ်မယ်လို့ ပြောခဲ့သလို ငြိမ်းချမ်းရေးရဖို့ မြန်မြန်သွားနေကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။​

ဒီတပတ်ဆွေးနွေးပွဲဟာ ရုရှားနဲ့အမေရိကန်တို့ ဆွေးနွေးမှုပြုလုပ်ခဲ့တာကို အနောက်နိုင်ငံတွေက အံ့အားသင့်ခဲ့ရပြီးနောက် ဖြစ်လာတာပါ။

ထရမ့်ပ်က ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီး အစောပိုင်းကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်တဲ့အ ပေါ်  ဇလန်းစကီးကို ပြစ်တင်ခဲ့ဖူးပါတယ်။

သောကြာနေ့တွေ့ဆုံမှုမှာ ယူကရိန်းရဲ့ မြေရှားသတ္တုတွေတူးဖော်ခွင့်ပြုတဲ့ စာချုပ်ကို လက်မှတ် ထိုးမယ်လို့ မျှော်လင့်ရပါတယ်။ ယူကရိန်းမှာ အမေရိကန် သတ္တုကုမ္ပဏီတွေ ရှိတာက ရုရှားရဲ့ ကျူးကျော်မှုကို အဟန့်အတားဖြစ်စေတယ်လို့ ထရမ့်က အကြံပြုထားပါတယ်။ 

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့ပြီး ဒိုနတ်ဆင့်၊ လူဟန်ခ်၊ ဇာပိုရီဇီယာ၊ ကယ်ဆန် စတဲ့ဒေသ ၄ ခုရဲ့ နေရာတွေကို သိမ်းယူခဲ့ပါ တယ်။ 

ရုရှားက ငြိမ်းချမ်းရေးသဘောတူညီမှု တစိတ်တပိုင်းအဖြစ် နယ်မြေပိုင်နယ်တွေနဲ့ပတ်သက်ပြီး အလျော့ပေးမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။​

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024