
ရုရှားနဲ့ ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မှာ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးအာမခံချက်ပေးမှာ မဟုတ်ပေမဲ့ ဥရောပက အာမခံချက် ပေးလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ အရွေးခံရလို့ ဒီစစ်ပွဲကြီး ပြီးသွားလိမ့်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်လက်နက်ပစ္စည်းတွေ ရှိတယ်” လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ယူကရိန်းနဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး သဘောတူညီချက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကလည်း လိုက်လျောမှုတွေ လုပ်ရမယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဘယ်လိုလိုက်လျောမှုတွေ လိုချင်လဲလို့ သတင်းထောက်က ထရမ့်ပ်ကို မေးရာမှာ ထရမ့်ပ်က “အခု မပြောချင်ပေမဲ့ NATO ကို ခင်ဗျား မေ့ထားလိုက်နိုင်တယ်လို့ ကျနော်က ခင်ဗျားကို ပြောနိုင်တယ်။ အဲဒါက ဖြစ်စဉ်တရပ်လုံး စလာတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
Source : Reuters