Home
မြန်မာသတင်း
စစ်ကောင်စီ ခမရ ၃၄၃ တပ်စခန်းကို ရေးဘီလူးအဖွဲ့ ဝင်ရောက်စီးနင်း
DVB
·
February 27, 2025
Photo : ရေးဘီလူး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ စစ်ကောင်စီ ခမရ ၃၄၃ တပ်စခန်းကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။

အာယုတောင်ရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ယောက်ဝန်းကျင်ခန့် ရှိတဲ့ ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြ​တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ကျနော်တို့အဖွဲ့တွေ ဝင်စီးမယ့်သတင်းကြားပြီး ထွက်ပြေးကြတာ။ သူတို့က အာယုတောင်က ရာဘာခြံတွေထဲမှာ ကတုတ်ကျင်းတွေပေါက်ပြီး ကင်းပုန်းဝပ်နေကြတာ။ အဲဒီနား ပတ်ဝန်းကျင်မှာ သွားလာနေတဲ့ ဒေသခံတွေကိုလည်း စစ်ဆေးရေးလုပ်ဆောင်တာတွေရှိသလို ရွာသားတွေ သယ်လာတဲ့ ပစ္စည်းတွေကိုလည်း အဓမ္မ ခေါင်းပုံဖြတ်ယူတာတွေလည်း လုပ်ဆောင်နေတယ်ကြားလို့ အခုလို ဝင်စီးခဲ့တာပါ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာယုတောင်ရွာထိပ်ရှိ အမှတ် ၃၄၃ စစ်တပ်ရဲ့ အနောက်ဘက်ခြမ်းရှိ ရာဘာခြံတွေထဲမှာ ကင်းပုန်းဝပ်ပြီး အနီးနား ဖြတ်သန်းသွားလာနေတဲ့ ရွာသားတွေကို ခေါ်ယူစစ်ဆေးတာအပြင် ပစ်ခတ်တာတွေလည်း လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံတွေထံက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာက စစ်ကောင်စီ အမှတ် ၁၉၊ ၅၈၆၊ ၁၀၆ တပ်မတို့ ပူးပေါင်းတပ်စွဲထားတဲ့ အထိုင်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013