Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်း ၇ ခု တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
DVB
·
February 27, 2025

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီစခန်း ၇ ခုဟာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်းမှာရှိပြီး ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်တွေမှာ တိုက်ခိုက်ခဲ့တာပါ။

အဲဒီစခန်းတွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်က အမှတ် ၃၇၀၂ တပ်ရင်း၊ အမှတ် ၃၅၀၂ တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း၇၈၀၃၊ ဧရာဝတီစစ်ကြောင်း ၆၀၀၂၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ အဖွဲ့တွေနဲ့ KNLA တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တယောက်လည်း ကျဆုံးခဲ့ပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ ဂိတ်စခန်းတွေရဲ့ အနီးဝန်းကျင်တွေကို မလိုအပ်ဘဲ သွား‌ရောက်ခြင်း မပြုကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013