
စပိန်နိုင်ငံရဲ့ မက်ဒရစ်မြို့လယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ပိုကောင်းတဲ့ လူထုပညာရေးကို တောင်းဆိုရင်း အစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
“အများပြည်သူ ပညာရေးကို ကယ်တင်ကြပါစို့၊ ပုဂ္ဂလိကပိုင်လုပ်တာဟာ ကျနော်တို့ရဲ့ ပျက်စီးကြောင်းပဲ” စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ချီတက်ပွဲမှာ ပါဝင်သူတွေက ဒေသဆိုင်ရာ သမ္မတ အစ္စဘယ်လ် ဒီးယပ်စ် အာယုဆို ဦးဆောင်တဲ့မူဝါဒတွေကို အပြင်းအထန် ကန့်ကွက်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ပြည်သူပိုင်ကျောင်းတွေမှာ နေရာတွေ မရှိလို့ မကြာသေးမီနှစ်တွေအတွင်း ပုဂ္ဂလိက အသက်မွေးဝမ်းကျောင်း ပညာရေး (FP) မှာ ကျောင်းအပ်မှု သိသိသာသာ မြင့်တက်လာတဲ့ကြားမှာ ဒီးယပ်စ် အာယုဆိုရဲ့ ပညာရေးမူဝါဒ တွေဟာ ဝေဖန်ခံခဲ့ရတာပါ။
သူ့လမ်းကြောင်းဟာ နောက်ထပ်ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်အောင် လှုံ့ဆော်ပေးခဲ့ပါတယ်၊ လုံလောက်တဲ့ အများပြည်သူဆိုင်ရာ ပညာရေးမှာ ရွေးချယ်ခွင့်မရှိတာဟာလည်း ကျောင်းသားတွေအပေါ် အချိုးမကျတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေဟာ “အများပြည်သူကို ကာကွယ်ဖို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း အာယုဆို နုတ်ထွက်ဖို့ တောင်းဆိုကြပါတယ်။
မရှိမဖြစ် လိုအပ်တဲ့ အများနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို ပုဂ္ဂလိကပိုင် လုပ်ရေးကိုလည်း ငြင်းပယ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ မိဘတယောက်ဖြစ်သူ ဖာနန်ဒို ဘူစတို့စ် စန်ချက်ဇ်က သူ့ကလေးတွေ ကြီးပြင်းလာတဲ့အချိန်မှာ အရည်အသွေးရှိတဲ့ ပညာရေးကို ရစေချင်တယ်လို့ ပြောပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြတဲ့ ဆန္ဒပြပွဲမှာ စပိန်အစိုးရရဲ့ ပညာရေး အဖွဲ့အစည်းတွေနဲ့ စပိန်နိုင်ငံတဝန်း လုပ်ဖော်ကိုင်ဖက်တွေကြား ရန်ပုံငွေကွာဟမှုအပေါ် နက်ရှိုင်းတဲ့ မကျေနပ်ချက်တွေ ကို မီးမောင်းထိုး ပြခဲ့ကြပါတယ်။
Source-Reuters