Home
နိုင်ငံတကာ
နှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် အနောက်ဘက်ကမ်းတွင် အစ္စရေးက တင့်ကားများချထား
DVB
·
February 24, 2025
Photo: REUTERS/Raneen Sawafta

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသရဲ့ မြောက်ပိုင်းမှာ တင့်ကားတွေကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖြန့်ကြက် ချထားလိုက်ပြီး ဒါဟာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံး တင့်ကားတွေ တပ်ဖြန့်မှု ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က အနောက်ဘက်ကမ်းမြောက်ပိုင်းက ဂျနင်း၊ တူကာရမ်နဲ့ နူရာရှမ်း ပါလက်စတိုင်း ဒုက္ခသည်စခန်းတွေထဲက စစ်သွေးကြွတွေရဲ့ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းဖို့ စစ်ဆင်ရေးတွေ တိုးချဲ့ဆောင်ရွက်ဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပါလက်စတိုင်းအယောက် ၄၀,၀၀၀ လည်း စခန်းတွေကနေ ထွက်သွားတယ်လို့ သူကပြောပါတယ်။ ထိုးစစ်ရဲ့ တစိတ်တပိုင်းအဖြစ် ဂျနင်းမြို့ဆီ တင့်ကားတွေ တပ်ဖြန့်ချထားမယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က တဲလ်အဗစ်မြို့နားက ဘတ်စ်ကားတွေပေါ်မှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အနောက်ဘက်ကမ်းဒေသမှာ စစ်ဆင်ရေးတခု အပြင်းအထန်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။ အသေအပျောက်စာရင်းကိုတော့ အစီရင်ခံတာ မရှိခဲ့ပါဘူး။

အစ္စရေးစစ်တပ်ဟာ လွန်ခဲ့တဲ့လကစပြီး အနောက်ဘက်ကမ်းမှာ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အကြီးစား စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့တာပါ။

ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသက ဒုက္ခသည်စခန်းတွေထဲက သူတို့အိမ်တွေကို စွန့်ခွာခဲ့ကြရပြီး အိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024