
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်က မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ည ၆ နာရီ မိနစ် ၅၀ လောက်က ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Operation Flame OF အဖွဲ့က စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်ပြီး အဝေးထိန်းမိုင်း ၂ လုံးနဲ့ ရဲဝင်း အဝင်အဝမှာ ဖောက်ခွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိနေနိုင်ပါတယ်။
Operation Flame OF အဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “မိုင်း ၂ လုံးမှာ ၁ လုံး ပေါက်ကွဲမှုက ယမ်းအားပျော့သွားတယ်။ အဝင်အထွက် ဂိတ်ပေါက်အနီးဆုံးနားအထိ ချထားနိုင်ပြီး ချိန်ကိုက် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရန်သူတွေ ထိခိုက်မှုရှိနိုင်ပါတယ်။ အတည်ပြု စုံစမ်းနေဆဲပါ”လို့ ဆိုပါတယ်။
စစ်ဆင်ရေးပြီးတာနဲ့ တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့ လက်တွဲပြီး အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။