
ဂါဇာကမ်းမြောင်ဒေသက ကလေးတွေကို ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၂ ရက်က ပြန်စတင်ခဲ့ပြီး ကလေး ၅ သိန်းကျော်ကို ပစ်မှတ်ထား ကာကွယ်ဆေး ထိုးပေးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
ဂါဇာမြို့က ဆေးဘက်ဆိုင်ရာ စင်တာတခုမှာ မိသားစုတွေ စုရုံးပြီး ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။
မနှစ်က စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ WHO က ဂါဇာကမ်းမြောင်မှာ ကာကွယ်ဆေး နှစ်ကျော့ ထိုးပေးခဲ့လို့ ကလေးငယ် ၉၅ ရာခိုင်နှုန်းကျော်အထိ ကာကွယ်ဆေးထိုးလို့ ပြီးစီးခဲ့ပါတယ်။
ဗိုင်းရပ်စ်ဟာ အနီးနားမှာ ပျံ့နှံ့ဆဲဖြစ်ပြီး အသက်မပြည့်သေးတဲ့ ဒါမှမဟုတ် ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေဆီ ကူးစက်နိုင်ပါသေးတယ်။
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတို့မှာ ကူးစက်ခံ ကလေး ၆ ယောက်ကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ WHO က ပြောပါတယ်။
ဇန်န၀ါရီ ၁၉ ရက်ကစတဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သွားလာခွင့် ပိုမိုကောင်းမွန်လာပေမယ့် တိုက်ပွဲတွေကြောင့် တချို့ နေရာတွေ ဝင်ခွင့်မရသေးပါဘူး။
ဂျဘာလီယာ၊ ဘိထ်လာဟီယာနဲ့ ဘိထ်ဟာနွန်းမြို့တွေမှာ ကလေးအယောက် ၇၀၀၀ လောက် ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့တယ်လို့ WHO က ပြောပါတယ်။
Photo : Reuters