
ဂျာမနီနိုင်ငံဟာ ဥရောပမှာ ပိုပြီးတာဝန်ယူရမှာဖြစ်တယ်လို့ အဓိပတိနေရာအတွက် CDU ပါတီကနေ ယှဉ်ပြိုင်ဖို့ရှိတဲ့ ဖရီးဒရစ်မာ့ဇ်က ပြောပါတယ်။
ဂျာမနီနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ပါတီတွေရဲ့ နောက်ဆုံး မဲဆွယ်မှုတွေ ပြုလုပ်နေကြပါတယ်။
“လာမယ့် အစိုးရအဖွဲ့နဲ့ ခေါင်းဆောင်တဲ့သူရဲ့ အရေးကြီးတဲ့ တာဝန်က ဥရောပမှာ ဂျာမနီအနေနဲ့ အပြည့်အဝ တာဝန်ယူရမှာပါ” လို့ မာ့ဇ်က ပြောပါတယ်။
လက်ဝဲစွန်းပါတီဖြစ်တဲ့ AfD ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာရှိလားဆိုတဲ့ မေးခွန်းကို မာ့ဇ်က “ဒီပါတီနဲ့ အတူတွဲပြီး အလုပ်လုပ်ဖို့ ကျနော့်အတွက်ရော ပါတီအတွက်ပါ မေးစရာမလိုတဲ့ မေးခွန်းပါ” လို့ ဖြေခဲ့ပါတယ်။
ဂျာမန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖော်ဆာရဲ့ လေ့လာချက်အရ CDU/ CSU ဟာ ၁ ရာခိုင်နှုန်း ကျဆင်းပြီး ၂၉ ရာခိုင်းနှုန်း၊ AfD ပါတီက ၁ ရာခိုင်နှုန်းတိုးပြီး ၂၁ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြပါတယ်။
အဓိပ္ပတိအိုလက်ရှို့ဇ်ရဲ့ ဆိုရှယ်ဒီမိုကရက်က ၁ ရာခိုင်နှုန်းကျပြီး ၁၅ ရာခိုင်နှုန်း ဂရင်းက ၁၃ ရာခိုင်နှုန်းနဲ့ FDP က ၅ ရာခိုင်နှုန်းရှိကာ လက်ဝဲစွန်းပါတီက ၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ဆာရဲ့ စစ်တမ်းက ဖော်ပြပါတယ်။
ဂျာမနီနိုင်ငံမှာ နာဇီပါတီရဲ့အတိတ်သမိုင်းတွေကြောင့် ပါတီတွေအားလုံးက AfDနဲ့ လက်တွဲလုပ် ဆောင်ဖို့ ငြင်းဆိုထားပါတယ်။
နောက်ဆုံးစစ်တမ်းတွေအရ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ၂ ပါတီထဲနဲ့ အစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘဲ ပါတီအများ စုပေါင်းပြီး အစိုးရဖွဲ့ရဖွယ် ရှိပါတယ်။
ထောက်ခံမှု အများဆုံးရထားတဲ့ မာ့ဇ်ရဲ့ပါတီက ၃ ပါတီ ညွှန့်ပေါင်းအစိုးရလိုမျိုး တခြားပါတီ ၂ ခု လောက်နဲ့ အစိုးရဖွဲ့ ရဖွယ် ရှိပါတယ်။
Source : Reuters