
အမေရိကန်ရဲ့ “အမြင့်ဆုံးဖိအားပေး” လှုပ်ရှားမှုဟာ အီရန်အပေါ် ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘဲ အီရန်ဟာ ခြိမ်းခြောက်မှုအောက်မှာ အမေရိကန်နဲ့ ဘယ်တော့မှ ညှိနှိုင်းမှာမဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဆေးအာဘတ်စ်အေရာချီက တနင်္လာနေ့မှာ ပြောပါတယ်။
တီဟီရန်မြို့တော်မှာ ဆူဒန်နိုင်ငံခြားရေးဝန်ကြီး အလီ ယူဆစ်ဖ်အာမဒ်နဲ့ တွေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ အာရာဂ်ချီက ခုလိုပြောလိုက်တာပါ။
အမေရိကန်အပေါ် အီရန်ရဲ့ သဘောထားက အီရန်အပေါ် အမေရိကန်ရဲ့ သဘောထားပေါ်မှာ မူတည်ပြီး အီရန်ဟာ ခြိမ်းခြောက်မှုအောက်မှာ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ အာရာဂ်ချီက ပြောပါတယ်။
ထရမ့်ပ်ရဲ့ ပထမသက်တမ်းတလျှောက် ကျင့်သုံးခဲ့တဲ့ အီရန်အပေါ် တင်းမာတဲ့ မူဝါဒနဲ့ မကြာသေးမီက အမေရိကန်ရဲ့ အမြင့်ဆုံးဖိအားပေးရေး လှုပ်ရှားမှုကို တုံ့ပြန်ရင်း ခုလို ပြောလိုက်တာပါ။
အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသမှာ နေသူတွေကို အတင်းအကျပ် နှင်ထုတ်မယ့် အစီအစဉ်၊ အစ္စရေးက ပါလက်စတိုင်းတို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကိုလည်း အီရန်နဲ့ ဆူဒန်တို့ဘက်က ပူးတွဲရှုတ်ချခဲ့ပါတယ်။
ဒီလုပ်ရပ်ကို တုံ့ပြန်ရာမှာ ဒေသတွင်းနိုင်ငံတွေ စည်းလုံးညီညွတ်မှုရှိရှိ ရပ်တည်ကြဖို့ လိုတယ်လို့လည်း သူတို့က အလေးပေး ပြောကြားခဲ့ပါတယ်။
Source : Reuters