
အိန္ဒိယနဲ့ ကာတာတို့ဟာ လာမယ့် ၅ နှစ်အတွင်းမှာ ဒေါ်လာ ၂၈ ဘီလီယံအထိ ကုန်သွယ်မှု ၂ ဆတိုးတက်ဖို့ ပစ်မှတ်ထားနေပါတယ်။
အိန္ဒိယနဲ့ ကာတာနိုင်ငံတို့ဟာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ထိုးဖို့လည်း ဦးတည်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကာတာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ ကဏ္ဍစုံမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ကာတာစော်ဘွား အယ်သာနီ နယူးဒေလီမြို့ကို အလည်လာပြီးနောက် ၂ နိုင်ငံကုန်သွယ်ရေး သဘောတူညီမှုကို ထုတ်ပြန်ခဲ့တာပါ။
အယ်သာနီ အိန္ဒိယနိုင်ငံကို အလည်အပတ် လာရောက်တာဟာ ၁၀ နှစ်အတွင်း တောင်အာရှနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်မှု ဖြစ်ပါတယ်။
ကြေညာချက်မှာ ကာတာနိုင်ငံဟာ အိန္ဒိယမှာ အခြေခံအဆောက်အအုံ၊ နည်းပညာ၊ ဖြန့်ချိမှု၊ အစားအစာသန့်ရှင်းမှု၊ ကုန်သိုလှောင်မှု၊ ဆေးရုံနဲ့ တခြားကဏ္ဍတွေမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပါရှိပါတယ်။
၂၀၂၃ ခုနှစ် မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကာတာနဲ့ အိန္ဒိယ ကုန်သွယ်မှု ဒေါ်လာ ၁၈ ဒသမ ၇၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။
အဲဒီတုန်းက အိန္ဒိယနိုင်ငံဟာ ကာတာဆီကနေ သဘာဝဓာတ်ငွေ့ အဓိက ဝယ်ယူခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနှစ်က အိန္ဒိယနိုင်ငံဟာ ကာတာဆီက သဘာဝဓာတ်ငွေ့ဝယ်ယူမှု ၄၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီ ၂ နိုင်ငံဟာ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး တိုးမြှင့်ဖို့လည်း ရှိနေပါတယ်။
စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေပါဝင်ပြီး ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
Source : Reuters