Home
နိုင်ငံတကာ
အိန္ဒိယတွင် လွှတ်တော်အမတ် ၁ ဦးကို မုဒိမ်းမှုဖြင့် ဖမ်းဆီး
DVB
·
January 31, 2025
Photo-Reuters

အိန္ဒိယနိုင်ငံရဲ့ အတိုက်အခံကွန်ဂရက်ပါတီက လွှတ်တော်အမတ်တယောက်ကို မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့နဲ့ ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြပါတယ်။

အိန္ဒိယပါလီမန်မှာ အူတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်းရှိ စီတာပူရ် မဲဆန္ဒနယ်ကို ကိုယ်စားပြုအမတ် ရာကတ်ရှ် ရာ့သိုးရ်ဟာ အမျိုးသမီးတယောက်ကို မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့နဲ့ စွပ်စွဲခံရပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။

သူကတော့ စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ ဒေသခံတရားရုံးက သူ့ကို အာမခံပေးဖို့ ငြင်းဆိုခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

ရိုက်တာက မှတ်ချက်ပေးဖို့ အတိုက်အခံအမတ် ရာ့သိုးရ် သို့မဟုတ် သူ့ရဲ့ရှေ့နေဆီကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၄ နှစ်အကြာတုန်းက ရာ့သိုးရ်ဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုပြီး အမျိုးသမီးတယောက်ဆီက စွပ်စွဲတိုင်ကြားမှု ရခဲ့အပြီးမှာ အူတာပရာဒက်ရှ် ရဲတပ်ဖွဲ့က ပါလီမန်အမတ် ရာ့သိုးရ်ကို ဇန်နဝါရီ ၁၇ ရက်မှာ အမှုဖွင့်ခဲ့တယ်လို့ Times of India သတင်းစာက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးဖို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကိုလည်း ဆက်သွယ်လို့ မရပါဘူး။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013