အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ၄ ထပ် အဆောက်အဦတလုံး ပြိုကျခဲ့ပြီးနောက် အထဲမှာ ပိတ်မိနေတဲ့လူ အများအပြား ကြောက်ရွံ့နေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
လူ ၁၀ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့လည်း အထဲမှာ ၁၂ ယောက်မှ ၁၅ ယောက်အထိ ပိတ်မိနေဆဲဖြစ်တယ်လို့ မြောက်ပိုင်းဒေလီရဲတပ်ဖွဲ့ရဲ့ လက်ထောက်ကော်မရှင်နာ ရာဂျာ ဘန်သီယာက ပြောပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအရ ဒေလီပြည်ထောင်စုနယ်မြေထဲက ဗဟိုခရိုင်ရှိ ဘူရာရိုင် ကျေးရွာမှာ ကောက်ရှစ် အပိုင်နယ်မြေထဲ အသစ်တည်ဆောက်ထားတဲ့ စတုရန်းပေ ၂၀၀ လောက် ကျယ်ဝန်းတဲ့ ၄ ထပ် အဆောက်အဦ ပြိုကျသွားခဲ့တာလို့ မြောက်ပိုင်းဒေလီ ရဲလက်ထောက်ကော်မရှင်နာ ဘန်သီယာက ပြောပါတယ်။
အဆောက်အဦအတွင်းမှာ အလုပ်သမားတွေ ပိတ်မိနေကြောင်း သတင်းရရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့၊ ဒေလီ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ DDMA၊ လူနာတင်ယာဉ်တွေနဲ့ အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) က အဖွဲ့ ၂ ဖွဲ့တို့ ပါဝင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ကြောင်း ဘန်သီယာက ပြောပါတယ်။
Source : Reuters