Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း စစ်ဘေးရှောင်  ၁၀၀ နီးပါး  ဖမ်းဆီးခံရ
DVB
·
February 15, 2025
Photo-NN

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း စစ်ဘေးရှောင် ၉၇ ယောက်အထိ ဖမ်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း အမျိုးသား ၆၃ ယောက်၊ အမျိုးသမီး ၂၉ ယောက်၊ ကလေးငယ် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က “ရခိုင်ဘက်ကနေ စစ်ရှောင်လာရင်း အဖမ်းခံရတာ များတယ်။ တိုက်ပွဲရှောင်တွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲဖမ်းတာများတယ်။ အမှန်တော့ အဖမ်းခံရသူတွေက စစ်ရှောင်တွေပါ” လို့ ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာ ရှိသလို ဘယ်ပုဒ်မနဲ့မှ အရေးယူခြင်းမရှိသေးဘဲ ဖမ်းဆီးထားတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေထဲ ကလေးတွေပါ ပါတယ်။ မိသားစုလိုက် ဖမ်းတာပေါ့။ PDF တွေ၊ AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းတာ၊ ရခိုင်အစပ် သာပေါင်းဘက်ဝင်လာရင်း အဖမ်းခံရတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ စစ်ဘေးရှောင် ၉၇ ယောက်ဟာ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ပုသိမ်၊ ရွှေသောင်ယံ စတဲ့ မြို့နယ်တွေကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013