Home
မြန်မာသတင်း
တာချီလိတ်တွင် စက်သုံးဆီဈေးမြင့်တက်ပြီး အချိန်ကန့်သတ်ရောင်းချ
DVB
·
February 12, 2025

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ စက်သုံးဆီဈေးတွေ မြင့်တက်နေတဲ့အပြင် ဆီဆိုင်တွေက အချိန်ပိုင်းနဲ့သာ ရောင်းချပေးတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာချီလိတ်မြို့မှာ နေထိုင်တဲ့သူတွေဆီက သိရပါတယ်။

အရင်က စက်သုံးဆီ 92 နဲ့ 95 တလီတာကို ထိုင်းဘတ်ငွေ ၃၀ နဲ့ ၂၅ ဘတ်သာ ပေးဝယ်ရပြီး အခု တလီတာကို ၇၅ ဘတ်ကနေ ၈၀ ဘတ် ပေးဝယ်နေရပြီး အချိန်ပိုင်းနဲ့သာ ဆီဆိုင်တွေက ရောင်းချပေးတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

တာချီလိတ်ဒေသခံတယောက်က “ခုဆီဈေးက အဆမတန် တက်သွားတယ်။ အရင် 91၊ 92 နဲ့ 95 ဆီဈေးတွေက ခုန်တက်သွားတဲ့အပြင် လိုသလောက်လည်း ဝယ်ယူလို့မရတော့ဘူး” လို့ DVB ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဆီဆိုင်တွေမှာ စက်သုံးဆီကို မနက် ၉ နာရီကနေ ၁၁ နာရီအထိပဲ ရောင်းပေးကြောင့် ထိုင်းဘတ်အခြမ်းက လျှပ်စစ်မီးဖြတ်တောက်တာ၊ လောင်စာဆီ ပိတ်တာနဲ့ ဆီကုန်သည်တွေအတွက် ဆီဈေးကစားတော့တာပဲလို့ ဆိုပါတယ်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကစပြီး ကရင်ပြည်နယ် မြဝတီမြို့က ၂ နေရာ၊ ဘုရားသုံးဆူက တနေရာနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က ၂ နေရာ စုစုပေါင်း ၅ နေရာကို လျှပ်စစ်မီး ဖြတ်တောက်တာ၊ လောင်စာဆီ ဖြတ်တောက်တာ၊ အင်တာနက် ဖြတ်တောက်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် မြန်မာ-ထိုင်းနယ်စပ်မှာနေထိုင်တဲ့ ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013