
စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ နောက်ထပ်တနှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ လာမယ့် ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဆော်ဒီလိဂ်မှာ တနှစ် ဆက်ရှိနေတော့မှာပါ။
စာချုပ်သစ်အရ ကမ္ဘာ့လုပ်ခအများဆုံး အားကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
တရားဝင်စာချုပ်ချုပ်ဆိုပွဲကိုလည်း လာမယ့်ရက်ပိုင်းအတွင်းမှာ ပြုလုပ်သွားဖို့ရှိကြောင်း AFP သတင်းမှာ ဖော်ပြသွားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က အသက် ၄၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ကတည်းက မန်ယူကနေ ၂ နှစ်ခွဲစာချုပ်နဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters