
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တိုက်ရိုက်ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတရပ်ကို စတင်လိုက်ပါတယ်။
ဒေသတွင်းမှာ တင်းမာမှု မြင့်နေတဲ့အတွက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဝေဖန်အပြီးမှာ ခုလို လေ့ကျင့်လိုက်တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ လေတပ်အင်အား ပူးပေါင်းမှုနဲ့ အားကောင်းတဲ့ ခုခံကာကွယ်ရေးဆိုင်ရာ ရပ်တည်ချက် သဘောထားကို ဆက်ထိန်းသိမ်းရေး သူတို့ရဲ့ကတိကို သရုပ်ပြဖို့ အဆင်သင့်ပဲ ဆိုတာကို ပြသခဲ့တယ်လို့ အမေရိကန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်က နျူးကလီးယားဆိုင်ရာ ဗျူဟာမြောက် စစ်လက်နက်ပစ္စည်းတွေ တပ်ချတာ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့နဲ့ စစ်ရေးလေ့ကျင့်တာနဲ့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒေသတွင်း စစ်ရေးမညီမျှမှုကို ဖိတ်ခေါ်နေတာဖြစ်ပြီး လုံခြုံရေးအခင်းအကျင်း ပတ်ဝန်းကျင်အပေါ် အကြီးအကျယ် စိန်ခေါ်မှုတွေ တိုးလာစေတယ်လို့ ကင်မ်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောခဲ့တဲ့အကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ပြောခဲ့ပါတယ်။
နျူးကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားကို ဟန့်တားဖို့ တောင်ကိုရီးယားနိုင်ငံထဲမှာ အမေရိကန်စစ်သည် အယောက် ၂၈,၅၀၀ တပ်ချထားပါတယ်။
Source : Reuters