
အမေရိကန်နိုင်ငံတဝန်း အခုရာသီမှာ တုပ်ကွေးရောဂါကြောင့် ဖျားနာသူ ၂၄ သန်း၊ ဆေးရုံတက်ရသူ ၃၁ဝ,ဝဝဝ နဲ့ သေဆုံးသူ ၁၃,၀၀၀ ကျော်ရှိတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ သောကြာနေ့က အစီရင်ခံစာက ဆိုပါတယ်။
အမေရိကန်မှာ တုပ်ကွေးရောဂါ ကူးစက်မှုနှုန်းက ဆက်လက် မြင့်တက်နေတယ်လို့ CDC က ပြောပြီး ရောဂါဖြစ်ပွားမှုရဲ့ ၉၆ ရာခိုင်နှုန်းကျော်ဟာ တုပ်ကွေး A ကြောင့်ဖြစ်တာပါ။
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု များလာလို့ တချို့ပြည်နယ်တွေက ကျောင်းတွေမှာ အတန်းတွေရပ်ဆိုင်းတာနဲ့ အွန်လိုင်း သင်ယူတာတွေကို လုပ်ခိုင်းခဲ့တယ်လို့လည်း CDCက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
Source: Reuters