Home
နိုင်ငံတကာ
မြောက်ကိုရီးယားတပ်တွေ ရှေ့တန်းပြန်ရောက်လာကြောင်း ဇလန်းစကီး ပြော 
DVB
·
February 8, 2025
Photo-Reuters

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ကပ်ရှ်ဒေသရှေ့တန်းကို ပြန်ရောက်လာကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။ 

မြောက်ကိုရီးယားတပ်တွေဟာ ရှေ့တန်းမှာ အကျအဆုံးများလို့ ပြန်လည်ဆုတ်ခွာတယ်လို့ ပြီး ခဲ့တဲ့လက သတင်းထွက်ပေါ်ခဲ့ပါတယ်။ 

သောကြာနေ့က ဗွီဒီယိုမိန့်ခွန်းမှာ ဇယ်လန်းစကီးက ရုရှားစစ်တပ်က မြောက်ကိုရီးယားတပ်တွေကို ရှေ့တန်းမှာ ပြန်ပြီး အသုံးပြုလုပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ 

ရုရှားနဲ့ မြောက်ကိုရီးယားစစ်သား ရာနဲ့ချီပြီး ရှင်းလင်းမှုကို ဇန်နဝါရီလမှာ ပြုလုပ်ခဲ့ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။ 

ဇန်နဝါရီလက အနောက်နိုင်ငံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရှေ့တန်းကို ပို့ခဲ့တဲ့ မြောက်ကိုရီးယားစစ် သား ၁၁၀၀၀ အနက် အနည်းဆုံး ၁၀၀၀ သေဆုံးခဲ့တယ်လို့ ပါရှိပါတယ်။ 

ဒီသတင်းတွေကိုတော့ မြောက်ကိုရီးယားနဲ့ ရုရှားတို့က မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

မြောက်ကိုရီးယားတပ်သားတွေ အကျအဆုံးများတာကြောင့် ပြန်ဆုတ်ခွာခိုင်းတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ 

တောင်ကိုရီးယားလေ့လာသူတွေက မြောက်ကိုရီးယားစစ်သားတွေဟာ ခေတ်သစ်စစ်ပွဲအတွက် ပြင်ဆင်ထားမှုမရှိလို့ ဒရုန်းတိုက်ခိုက်မှုတွေမှာ အသေအပျောက်ပိုများတယ်လို့ ဖော်ပြပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက ရုရှားဘက်က စစ်သား ၅၉၃၇ ဦး သေဆုံးတယ်လို့သာ ဖော်ပြခဲ့ဖူးပြီး အရေအတွက်အတိအကျကို ထုတ်ပြန်ခြင်းမရှိပါဘူး။

ဇလန်းစကီးကတော့ ရုရှားစစ်သား ၃၅၀၀၀၀ ကျော် သေဆုံးထားကြောင်း ပြော ထားပါတယ်။

ယူကရိန်းဘက် စစ်သား ၄၅၁၀၀ ကျဆုံးတယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒီပမာဏက မဖြစ်နိုင်ကြောင်း၊ 

ဒီပမာဏထက် ပိုများနိုင်ကြောင်း အနောက်နိုင်ငံနဲ့ယူကရိန်းရှိ လေ့လာသူတွေက ယုံကြည်ထား ပါတယ်။ 

ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၆ လကတည်းက ထိုးစစ် တခုပြုလုပ်ခဲ့ပြီး ရုရှားဒေသအတွင်း ၃၈၆ မိုင်ကျော်အထိ ထိန်းချုပ်ထားပါတယ်။ 

အဲ့ဒီအချိန်ကတည်းက ရုရှားတပ်တွေက နယ်မြေပြန်ရရှိရေး ကြိုးစားခဲ့တာဖြစ်ပါတယ်။ သောကြာ နေ့က ယူကရိန်းတပ်တွေဟာ ၁ ဒသမ ၅ မိုင် ဆက်ပြီး ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013