
ပြင်သစ်နဲ့ ယူအေအီးတို့ဟာ 1 gigawatt ဒေတာစင်တာ တည်ဆောက်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်က သဘောတူညီခဲ့ကြပါတယ်။
ဒီဒေတာစင်တာဟာ ညဏ်ရည်တုနည်းပညာအတွက် ဒေါ်လာ ဘီလီယံ ၃၀ ကနေ ၅၀ အထိ ရင်းနှီးမြှုပ်နှံမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ဟာ ယူအေအီးသမ္မတ ရှိတ် မိုဟာမတ် ဘင်ဇာယတ်အယ်နာယန်နဲ့ ဖေဖော်ဝါရီ ၆ ရက်က တွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံမှုဟာ လာမယ့်အပတ် ပါရီမှာပြုလုပ်မယ့် နိုင်ငံပေါင်း ၁၀၀ ဝန်းကျင်ရဲ့ (AI အလားအလာကို အဓိကထားတဲ့) AI ထိပ်သီးအစည်းအဝေး မတိုင်ခင် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်မယ့် ဒီထိပ်သီးတွေ့ဆုံပွဲမှာ ပြင်သစ်နဲ့ ဥရောပမှာ AI မြေပုံ ပြုလုပ်မယ့်ကိစ္စလည်း ပါဝင်ပါတယ်။
ဥရောပဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့လို AI နည်းပညာမှာ အဆင့်မြှင့်တင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
“ခေါင်းဆောင် ၂ ဦးဟာ AI နဲ့ပတ်သက်ပြီး နည်းဗျူဟာတွေ ဖန်တီးဖို့ ဆန္ဒရှိနေတယ်ဆိုတာ ဖော်ထုတ်ခဲ့ပါတယ်။ ပရောဂျက်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ AI ကဏ္ဍမှာ တိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံခဲ့တာပါ” လို့ ပြင်သစ်နဲ့ ယူအေအီးနိုင်ငံတို့က ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီပူးပေါင်းမှုမှာ ပြင်သစ်ကော ယူအေအီးပါ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ရမှာဖြစ်ပြီး ချပ်စ်ပြား၊ ဒေတာစင်တာ၊ စွမ်းရည်ဖွံ့ဖြိုးမှုနဲ့ အခြားAI နဲ့ပတ်သက်တာ Cloud နဲ့ ပတ်သက်တာတွေ အားလုံး အတူတူလုပ်ဆောင်မှာ ဖြစ်ပါတယ်။
ပထမဆုံး ရင်းနှီးမြှုပ်နှံမှုကို ပြင်သစ်ထိပ်သီးအစည်းအဝေးက ရွေးချယ်တဲ့အချိန်မှာ စတင်မယ်လို့ ကြေညာထားပါတယ်။
ပြင်သစ်အစိုးရအဖွဲ့က AI ဒေတာစင်တာတွေ ၃၅ ခု ပါဝင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်က ပြောဆိုခဲ့ပါတယ်။
Source : Reuters