Home
နိုင်ငံတကာ
နယူးဒေလီ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ၏  ပါတီ အနိုင်ရရန် ရေပန်းစား
DVB
·
February 6, 2025
Photo-Reuters

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်နယ်မြေမှာ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း နယူးဒေလီမြို့ခံတွေက မဲပေးခဲ့ကြပြီး ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ BJP ပါတီ အနိုင်ရနိုင်တယ်လို့ မဲရုံအထွက်မှာ မဲရှင်တွေကို မေးမြန်းချက်အရ ရုပ်မြင်သံကြားဌာနက ခန့်မှန်းဖော်ပြပါတယ်။

မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘရာတီယာဂျန်နာတာပါတီဟာ မြို့တော်နယ်နိမိတ်အတွင်း အဖွဲ့ဝင် ၇၀ ပါတဲ့ လွှတ်တော်မှာ အမတ်နေရာ အများစုကို အကြွင်းမဲ့ အနိုင်ရမယ်လို့ ခန့်မှန်းရပြီး မိုဒီကို အပြင်းအထန်ဝေဖန်သူ အာဗင် ကေ့ဂျရီဝါလ်ရဲ့ အားမ် အာဒ်မီပါတီ (AAP) ကို အနိုင်ယူနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမဲ့ ရုပ်သံလွှင့်ဌာနတွေအတွက် ပုဂ္ဂလိကမဲရုံ ကုမ္ပဏီတွေက ကောက်ယူတဲ့ မဲရုံက ပြန်ထွက်ထွက်ချင်း ကောက်ခံတဲ့ စစ်တမ်းတွေဟာ အိန္ဒိယမှာ တရားဝင်ကြေညာတဲ့ မဲအရေအတွက်နဲ့ အလွန်အမင်း ကွဲပြားနေတတ်တဲ့ မှတ်တမ်းတခုတော့ ရှိပါတယ်။

၂၀၁၂ ခုနှစ်မှာ အဂတိလိုက်စားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကနေ အင်အားကြီးထွားလာခဲ့တဲ့ AAP ပါတီဟာ ဒေလီမြို့တော်မှာ ပထမဆုံး ရွေးကောက်ပွဲ အောင်မြင်မှုကို မြည်းစမ်းခဲ့ပြီး အိန္ဒိယရဲ့ လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရရုံးတွေကို ၂၀၁၅ ခုနှစ်ကနေ ၂ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့ပါတယ်။

ကေ့ဂျရီဝါလ်ဟာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးသမားအဖြစ် ပြောင်းလဲလာတဲ့ အသက် ၅၅ နှစ်အရွယ် နိုင်ငံရေးသမားဖြစ်ပြီး အထွေထွေရွေးကောက်ပွဲမစတင်မီ သီတင်းပတ်တွေအတွင်း အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

မိုဒီအစိုးရက သူ့ကို နိုင်ငံရေးအရ သွေးကြွေးဆပ်ဖို့ အငြိုးတကြီး ဖိနှိပ်တာလို့ ပြစ်တင် ဝေဖန်ခံခဲ့ရပြီး  BJP ကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူဟာ နောက်ပိုင်းမှာ အာမခံနဲ့ လွတ်မြောက်လာပေမဲ့ ဒေလီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ အာရုံစိုက်ဖို့ ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

မိုဒီဟာ မနှစ်က အမျိုးသားလွှတ်တော်မှာ အပြတ်အသတ် ရှုံးခဲ့ပေမဲ့ ဒေသတွင်းပါတီတွေရဲ့ ထောက်ခံမှုနဲ့ စံချိန်တင် တန်းတူ တတိယမြောက်သက်တမ်းအတွက် ၀န်ကြီးချုပ် ပြန်ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ BJP ပါတီဟာ ပြည်နယ်ရွေးကောက်ပွဲ ၃ ခုမှာ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။

Source : Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013