
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဆိုမာလီယာနိုင်ငံမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးအစီအစဉ်ချမှတ်သူနဲ့ အဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမိန့်ပေးခဲ့တယ်လို့ ပြောကြားပါတယ်။
“ဂူတွေထဲမှာ ပုန်းအောင်းနေတဲ့ ဒီသတ်ဖြတ်သူတွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတယ်။ ဒီတိုက်ခိုက်မှုတွေက သူတို့နေထိုင်တဲ့ဂူတွေကို ဖျက်ဆီးပစ်ခဲ့ပြီး အရပ်သားတွေကို ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားတွေကို သတ်ဖြတ်နိုင်ခဲ့တယ်” လို့ ထရမ့်ပ်က Truth Social ပေါ်မှာ ရေးသားခဲ့ပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ တခြားလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာတောင် အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေဖယ်ရှားသွားမယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ပေးလိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပီးတ်ဟက်ဆက်သ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဆိုမာလီသမ္မတရုံး အရာရှိတယောက်က ဒီတိုက်ခိုက်မှုကို အတည်ပြုပြီး၊ ဆိုမာလီယာအစိုးရက ကြိုဆိုကြောင်း ပြောကြားပါတယ်။
ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်အစိုးရ နှစ်ရပ်လုံးလက်ထက်မှာ ဆိုမာလီယာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အခါအားလျော်စွာ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အိုင်အက်စ်အဖွဲ့သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတခုကို ဆိုမာလီအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ဖူးပါတယ်။
Source : Reuters