
ကရင်နီပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို နွေရာသီမရောက်ခင် အခု ဇန်နဝါရီကတည်းက စတင်ကြုံတွေ့နေရပြီလို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တွေအတွက် ရေခက်ခဲနေ တာကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်လာသလို ရေခက်တာကြောင့် တကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း အခက်တွေ့လာနေပါတယ်။
သောက်သုံးရေအတွက် လှူဒါန်းပေးတဲ့ ပရဟိအဖွဲ့တွေရှိပေမဲ့ ရေလိုအပ်ချက်များပြားနေတာနဲ့ ရေသယ်ဖို့ ဒီဇယ်ဈေးမြင့်တက်တာတွေကလည်း စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Jobs For Kayah အဖွဲ့က ပြောပါတယ်။
စစ်ရှောင်ဦးရေ များပြားလာလို့ ရေအလျင်မီအောင်ပေးပို့နိုင်ဖို့ကလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ရေလှူဒါန်းမှုတွေအတွက် ရေကားတစီးကို ငွေကျပ် ၄၀၀၀၀ နဲ့ လှူဒါန်းနိုင်တယ်လို့လည်း Jobs For Kayah အဖွဲ့က ပြောပါတယ်။