Home
မြန်မာသတင်း
ကျွန်းစုတွင် စစ်ကောင်စီတပ်က အမျိုးသား ၁ ဦးကို ပစ်သတ်
DVB
·
January 28, 2025

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ အောက်ပြင်ဝန်းကျေးရွာမှာ ဇန်နဝါရီ ၂၇ ရက်၊ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေဟာ ရွာထဲ စစ်ကြောင်းထိုးဝင်လာကာ အရပ်သား တယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၃၀ ဝန်းကျင်ခန့် အောက်ပြင်ဝန်းရွာထဲကို သေနတ်နဲ့ ပစ်ဖောက် ဝင်ရောက်လာချိန်မှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသားတချို့ ပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာထဲဝင်ရောက်လာပြီးနောက် အသက် ၃၃ နှစ်အရွယ် မောင်နိုင် ဆိုသူကို ပစ်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စကစတွေက ရွာထဲကို သေနတ်နဲ့ပစ်ဖောက်ပြီး ဝင်လာတာ။ ရွာမှာကျန်နေတဲ့ မောင်နိုင်ရဲ့ လက်မောင်းကို တချက်၊ ရင်ဝကို နှစ်ချက် သေနတ်နဲ့ ပစ်ခတ်လိုက်တယ်။​ ဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက မောင်နိုင် သေဆုံးတာဟာ ပြန်လည်ခုခံတာကြောင့် သေဆုံးရပါတယ်လို့ ကျန်ရှိနေတဲ့ ရွာသားတွေကို ရှင်းပြပြီး ညတွင်းချင်း သင်္ဂြိုဟ်ခိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိမှာတော့ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က ပြင်းဝန်းရွာ၊ ဝါရစ်ရွာ၊ မွေးရှောင်ရွာနဲ့ သက္ကယ်ကျင်းရွာမှ စုပေါင်းပြီး အင်အား ၁၄၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013