Home
နိုင်ငံတကာ
တရုတ်ထုတ် DeepSeek က အမေရိကန်ထုတ် ChatGPT ကို ကျော်တက်ပြီး ထိပ်ဆုံးရောက်
DVB
·
January 27, 2025

လူသိနည်းပါးတဲ့ တရုတ်ကုမ္ပဏီတခုရဲ့ DeepSeek အမည်ရ AI Assistant ဟာ ဇန်နဝါရီ ၂၇ ရက်က Chat GPT ကို ကျော်တက်ပြီး အမေရိကန်ပြည်တွင်း Apple AppStore မှာ လူသုံးအများဆုံး အခမဲ့ အက်ပလီကေးရှင်းတခု ဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့တုန်းက DeepSeek-V3 မော်ဒယ်သုံး AI အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ပြီးနောက် မကြာခင်မှာပဲ အခုလိုမျိုး ရေပန်းစားလာခဲ့တာပါ။

ဒါကြောင့် ၂၀၂၁ ခုနှစ်ကစပြီး ဂျိုးဘိုင်ဒင် လက်ထက်မှာ Nvidia ရဲ့ H-100s လိုမျိုး အဆင့်အမြင့်ဆုံး ချစ်ပ်ပြားတွေကို တရုတ်နိုင်ငံဆီ တင်ပို့မှု တားမြစ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ရပါတယ်။

နာမည်ကြီး OpenAI ကုမ္ပဏီရဲ့ ChatGPT ကနေ DeepSeek အထိ AI မော်ဒယ်တွေကို လေ့ကျင့်ပေးရာမှာ နောက်ဆုံးပေါ်  ချစ်ပ်ပြားတွေ အများအပြား လိုအပ်ပါတယ်။

အဲဒီနောက် DeepSeek-V3 က Nvidia ရဲ့ H-800 ချစ်ပ်တွေကို လေ့ကျင့်မှုအတွက် အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ သန်းအောက်သာ ကုန်ကျခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

ဒါ့အပြင် DeepSeek က အမေရိကန်ရဲ့ နောက်ဆုံးပေါ် AI မော်ဒယ်တွေနဲ့တန်းတူ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါ ပြသနေတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေအတွက် သတိထားစရာ ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဟန်ကျိုးမြို့အခြေစိုက် တရုတ်ကုမ္ပဏီအသစ်က Deep Seek ကို ဖန်တီးခဲ့တာဖြစ်သလို Google လိုမျိုး တရုတ်ရှာဖွေရေးအင်ဂျင် Baidu ကလည်း ပထမဆုံး AI မော်ဒယ်ကို တနှစ်တည်းမှာ ထုတ်ပြနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံထုတ် AI မော်ဒယ်များစွာ ရှိပေမဲ့လည်း DeepSeek ကသာ အမေရိကန် နည်းပညာနယ်ပယ်ရဲ့ ချီးကျူးအသိအမှတ်ပြုမှုကို ပထမဆုံး ရရှိခဲ့တာပါ။

Deep Seek နဲ့ ChatGPT ကြားမှာ တူညီတဲ့အလုပ်တာဝန်အတွက် ၁၀ ဒေါ်လာနဲ့ ဒေါ်လာ ၂၇၀ စီ ကုန်ကျနိုင်တဲ့အလျောက် တရုတ်ထုတ် AI နည်းပညာဟာ ၂၇ ဆ ပိုပြီး စျေးသက်သာပါတယ်။

DeepSeek-R1 မော်ဒယ်ဆိုရင် ဘာသာစကားပေါင်းစုံနဲ့အတူ တကိုယ်ရေအသုံးပြုမှုအတွက် အခမဲ့ဆိုပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ စဖွင့်ပေးခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013