တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် နွေဦးပွဲတော် နီးကပ်လာတာနဲ့အမျှ တရုတ်ရွှေဈေးကွက်ဟာ မြွေပုံစံ ဒီဇိုင်းတွေ၊ ရိုးရာနဲ့ ခေတ်မီတဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတဲ့ ရွှေလက်ဝတ်ရတနာတွေ ရောင်းအားတက်လာတာကို မြင်နေရပါတယ်။
အခုနှစ်မှာ တရုတ်နိုင်ငံက ရွှေစတိုးဆိုင် အများအပြားဟာ လာမယ့်နှစ်ဟာ မြွေနှစ်ဖြစ်လို့ မြွေပုံ ရွှေထည်လက်ဝတ်ရတနာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
လည်ဆွဲတွေ၊ လက်စွပ်တွေနဲ့ ဆွဲသီးတွေပါပြီး ဝတ်ဆင်သူတွေရဲ့ နှစ်သက်မှုကို ဖမ်းစားနိုင်တဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ ကောင်းမွန်တဲ့ သင်္ကေတတွေကို ဒီဇိုင်းထုတ်ထားပါတယ်။
အခုနှစ်မှာ ကုန်သည်အများအပြားကလည်း ရွှေစတစ်ကာအမျိုးမျိုးကို ဖန်တီးဖို့ ရွှေနည်းနည်းကိုသုံးပြီး ရွှေထုတ်ကုန်တွေကို ဆန်းသစ်တီထွင်ခဲ့ကြပါတယ်။
ဒီကပ်ခွာစတေကာတွေဟာ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ ရိုးရာယဉ်ကျေးမှုဒြပ်စင်တွေကို ခေတ်မီဒီဇိုင်းနဲ့ ရောစပ်ထားလို့ လူငယ်တွေကြားမှာ အကြိုက်အသစ် ဖြစ်လာနေပါတယ်။
ရွှေကုန်သည်တယောက်က “ဒီနှစ် ခေတ်စားနေတဲ့ပစ္စည်းက ယွမ်နည်းနည်းသာ ကျသင့်တဲ့ ဈေးနှုန်း၊ ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ကျနော်တို့ရဲ့ ဖုန်းအိတ်တွေရဲ့ နောက်ဘက်မှာ ကပ်ထားလို့ရတဲ့ ဒီဖုန်းစတစ်ကာတွေပါပဲ” လို့ ပြောပါတယ်။
အခုနှစ်မှာ ရွှေရောင်းချမှု အထွတ်အထိပ်ရာသီဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်နှစ်သစ်ကူးအတွက် မင်္ဂလာပွဲတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ဝယ်လိုအားမြင့်လာလို့ ရွှေထည်ပစ္စည်းတွေ လူကြိုက်များမှုဟာ နွေဦးပွဲတော် နီးကပ်လာတာနဲ့အမျှ ပိုမိုမြင့်တက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
Source : Reuters