Home
မြန်မာသတင်း
စိတ်ကျန်းမာရေးညီလာခံ ချင်းမိုင်တွင်ကျင်းပ
DVB
·
January 25, 2025

ငြိမ်းချမ်းရေးကိုရှာဖွေခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ၄ ကြိမ်‌မြောက် စိတ်ကျန်းမာရေးညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီညီလာခံကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာကနေ တာဝန်ယူအဖြေရှာနေတဲ့ Jue Jue’s Safe Space က စီစဉ်ကျင်းပတာဖြစ်ပြီး ဇန်နဝါရီ ၂၃ နဲ့ ၂၄၊ ၂ ရက်ကြာ ကျင်းပခဲ့တာပါ။

ညီလာခံမှာ လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး လူတဦးတယောက်ချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းရေး၊ လူထုအတွင်းငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

Jue Jue's Safe Space တည်ထောင်သူက “မြန်မာပြည်ကလူတွေက စစ်ကြောင့်မို့လို့ အများကြီး အသက်ဆုံးရှုံးမှု​တွေရှိတယ်၊ စိတ်ကျန်းမာရေးထိခိုက်နစ်နာမှုတွေရှိတယ်၊ မိသားစုတွေ၊ လူငယ်တွေအတွက် ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ ဒါတွေကို ကျမတို့က မီးမောင်းထိုးပြဖို့၊ ကျမတို့ မြန်မာပြည်သားတွေ ဘယ်လောက်ထိ ဆုံးရှုံးနစ်နာမှုတွေဖြစ်နေပါတယ် ဆိုတာကို နိုင်ငံတကာသိအောင် ကြိုးစားထောက်ပြနေတဲ့ ခြေလှမ်းတခုလည်းပါဝင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ညီလာခံကနေရရှိလာတဲ့ ရန်ပုံငွေတွေကိုလည်း တော်လှန်ရေးကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စိတ်ကျန်းမာရေးအတွက် လိုအပ်နေသူတွေကို ကူညီပေးတဲ့နေရာတွေမှာ ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။

Jue Jue's Safe Space ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီး စိတ်ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံအနှံ့က အသက်အရွယ်အစုံ ပြည်သူ ၄၀၀ ကျော်ကို ကူညီထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013