Home
မြန်မာသတင်း
ဗန်းမော် သံချပ်ကာတပ်ရင်းကို KIA သိမ်းပြီးနောက်၊ လိုင်ဇာကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲ
DVB
·
January 25, 2025

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်မြင့်လိုက်ပြီးနောက် ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ကချင်လွတ်လပ်လပ်ရေးတပ်မတော် (KIO/ KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အတွင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ မနေ့ မနက်ပိုင်းမှာပဲ သတင်းထွက်ပေါ်လာပြီးနောက် လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လေယာဉ်ပျံဝဲခဲ့ပြီး နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ ဖြစ်တယ်လို့ ဒေသခံတယောက် ပြောပါတယ်။

“နှစ်ကြိမ် လာချသွားတာ။ ကျတာက မြစ်ကြီးနားဟိုတယ်ပေါ်ကို ကျတာ။ လူတော့ ထိခိုက်တာမရှိဘူး။ ဟိုတယ်ပေါ်မှာ တပ်ထားတဲ့ ဆိုလာပြားတွေပဲ ပျက်စီးသွားတာ။”

ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီး သံချပ်ကာကား ၄ စီး ရရှိလိုက်တယ်လို့ သတင်းထွက်ရှိလာတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်ကတည်းက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ KIA နဲ့ ပူးပေါင်းအဖွဲ့က မံစီမြို့အပါအဝင် ဗန်းမော်မြို့ရဲ့ စစ်မျက်နှာပြင်အတွင်း စစ်ကောင်စီနေရာယူခဲ့တဲ့ စစ်ဘက်ဆိုင်ရာနေရာတချို့ကိုလည်း သိမ်းပိုက်ရရှိထား ပါတယ်။

နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေကြောင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ စခန်းလက်မလွတ်ရရေးအတွက် လေကြောင်းကနေပါ အပြင်းအထန် ခုခံနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013