စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ တရာသီအတွင်းအမြတ်ငွေ ယူရို တစ်ဘီလီယံကျော်ရရှိတဲ့ ပထမဆုံးသော ဘောလုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
မက်ဒရစ်ကလပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂-၂၄ ဘောလုံးရာသီအတွင်းမှာ ကွင်းတွင်းအောင်မြင်မှုအနေနဲ့ လာလီဂါနဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလားတွေအပြင် စပိန်စူပါဖလားနဲ့ ဥရောပစူပါဖလားတွေ ရယူနိုင်ခဲ့တာပါ။
အိမ်ကွင်းဘာနေဗျူးကွင်းကို ပြုပြင်တည်ဆောက်ပြီးခဲ့တဲ့နောက် ပွဲနေ့တွေမှာ အရင်ကထက် ၂ ဆလောက် ဝင်ငွေတိုးလာခဲ့တာက ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့အချက်တွေထဲမှာ အရေးပါခဲ့တယ်လို့ ဒယ်လွိက်ကထုတ်ပြန်တဲ့ ဝင်ငွေအများဆုံးအသင်းတွေစာရင်းမှာ ဖော်ပြပါတယ်။
ဒုတိယနေရာမှာမန်စီးတီးက ယူရို ၈၃၈ သန်းနဲ့ ရပ်တည်နေပြီး ပီအက်စ်ဂျီက ယူရို ၈၀၆ သန်း၊ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ယူရို ၇၇၁ သန်းနဲ့ သန်း ၆၆၀ အသီးသီး အမြတ်ငွေရရှိခဲ့ကြတာပါ။
ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ အာဆင်နယ်၊ လီဗာပူးနဲ့ စပါးအသင်းတွေပါဝင်ပြီး ချဲလ်ဆီး၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ အက်စ်တန်ဗီလာတို့က ထိပ်ဆုံး ၁၀ သင်း ပြင်ပမှာ ရပ်တည်နိုင်ခဲ့ကြ ပါတယ်။
Photo: Reuters