ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးနောက်ခံလူ အာနိုးလ်ကို လာမယ့် နွေရာသီအပြောင်းအရွှေ့ ရောက်မှသာ ပစ်မှတ်ထားခေါ်ယူဖို့ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။
ကနဦးက ဇန်နဝါရီ အပြောင်းအရွှေ့မှပဲ ခေါ်ယူဖို စီစဉ်ခဲ့ပေမဲ့ အပြောင်းအရွှေ့ မဖြစ်နိုင်သေးတဲ့အခြေအနေတွေကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။
အာနိုးလ်ဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မက်ဒရစ်အသင်းဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။ လီဗာပူအသင်းဘက်ကတော့ အားထားရတဲ့ ညာနောက်ခံလူ အာနိုးလ်ကို တက်နိုင်သမျှ အသင်း မှာ ဆက်ရှိဖို့ စည်းရုံးသွားဖို့ ရှိနေပါတယ်။
Photo: Reuters