အေစီမီလန်အသင်းဆီကို ပြောင်းရွေ့လာတဲ့ နောက်ခံလူသစ် ကိုင်ဝေါ်ကာဟာ အလုပ်ပါမစ် ကိစ္စကြောင့် အသင်းသစ်အတွက် ပွဲထွက်ခွင့်ရဖို့ အချိန်စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။
အင်္ဂလန်နောက်ခံလူဟာ မန်စီးတီး အသင်းကို ထွက်ခွါခွင့်တောင်းဆိုခဲ့ပြီးနောက် အီတလီကလပ်အေစီမီလန်ဆီ ကနဦး အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ရာသီကုန်ဆုံးချိန်မှာ ၂၀၂၇ ခုနှစ်အထိဆက်ရှိမယ့် အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ပါဝင်တယ်လို့ သိရပါတယ်။
အီတလီနိုင်ငံမှာ ရက်ပေါင် ၉၀ ကျော်အထိ နေထိုင်လုပ်ကိုင်မယ့် ဥရောပသမဂ္ဂပြင်ပက နိုင်ငံသားတယောက်အနေနဲ့ အလုပ်လုပ်ခွင့်ပါမစ် လိုအပ်တာကြောင့် ဗြိတိန်နိုင်ငံသား ဝေါ်ကာအတွက်လည်း အလုပ်လုပ်ခွင့်ပါမစ် လိုအပ်တာလို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ကစားသမားသစ်ဝေါ်ကာဟာ လာမယ့် ဖော်ဖော်ဝါရီလအတွင်းမှသာ ပွဲကစားခွင့် ရရှိမယ်လို့ သိရပါတယ်။
Photo: Reuters