Home
နိုင်ငံတကာ
မက္ကဆီကိုနယ်စပ်သို့ အမေရိကန်စစ်သား ၁,၅၀၀ စေလွှတ်မည်
DVB
·
January 23, 2025
Photo: REUTERS/Jose Luis Gonzalez/File photo

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ စစ်သား ၁,၅၀၀ စေလွှတ်မယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ကျူးကျော်သူတွေလို့ ခေါ်ပြီး ချက်ချင်းတွန်းလှန်၊ မူလနေရပ်ပြန်ပို့မှုနဲ့ ဖယ်ရှားမှုလုပ်ဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း အစိုးရအေဂျင်စီတွေကို ပြောခဲ့ပါတယ်။

ထရမ့်ပ်ရဲ့အမိန့်နဲ့ နယ်စပ်မှာ အချိန်ပြည့် အသင့်ဖြစ်နေမယ့် တပ်သားတွေ အင်အားထပ်ဖြည့်မယ်လို့ အမေရိကန်က တရားဝင်ကြေညာထားပါတယ်။

အမေရိကန်က ရွှေ့ပြောင်းတွေ ခရီးသွားမှု အားလုံးနဲ့ သူတို့နဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေကို ပယ်ဖျက်တာကြောင့် အမေရိကန်ကိုလာဖို့ ပြင်ဆင်နေတဲ့သူတွေ ထောင်နဲ့ချီ သောင်တင်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

အိမ်ဖြူတော်ဝက်ဘ်ဆိုက်မှာ အထောက်အထားမဲ့ ဝင်ရောက်သူတွေကို ကာကွယ်တားဆီးဖို့ လိုကြောင်းနဲ့ ဒီလိုဝင်ရောက်တာက အမေရိကန် အသိုင်းအဝိုင်းထဲကို ကျူးကျော်ဝင်ရောက်မှုလို့ ပို့စ်တင်ထားသလို ပြည်နယ်နဲ့ ဒေသအစိုးရတွေအတွက်လည်း ကုန်ကျစရိတ် ဘီလီယံချီ ရှိတယ်လို့လည်း ရေးသားထားပါတယ်။

ထရမ့်ပ် လက်မှတ်ထိုးထားတဲ့ အမိန့်ကြေညာစာကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မစ်လီဗစ်က ဖတ်ပြရာမှာ နယ်စပ်ကိစ္စဟာ သမ္မတအတွက် ပထမဦးစားပေးဖြစ်ကြောင်း ပြောပါတယ်။

“အမေရိကန်ရဲ့ ဥပဒေကို ချိုးဖောက်ဖို့ စဉ်းစားပါက အိမ်ပြန်ပို့ခံရမယ်၊ အဖမ်းခံရမယ်၊ တရားရင်ဆိုင်ခံရမယ်” လို့ မစ်လီဗစ်က ထရမ့်ပ်ရဲ့ ညွှန်ကြားချက်ကို ဖတ်ပြခဲ့တာပါ။

ဒါ့အပြင် မစ်လီဗစ်က အမေရိကန်-မက္ကဆီကို နယ်စပ်ကို စစ်သား ၁,၅၀၀ စေလွှတ်မယ်လို့လည်း အတည်ပြုပါတယ်။

ထရမ့်ပ်ဟာ ကျန်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် မွေးရာပါ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ဆိုင်ရာ အမိန့်ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထရမ့်ပ်အမိန်နဲ့ ဒီတပတ်အတွင်း နယ်စပ်ကိစ္စကို စတင်ကိုင်တွယ်ဖွယ်ရှိပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013