Home
နိုင်ငံတကာ
အမေရိကန်သို့ ဝင်ခွင့်ရပြီးသား ဒုက္ခသည်များ၏ ခရီးစဉ်ကို ထရမ့်ပ် ပယ်ဖျက်
DVB
·
January 23, 2025
Photo: Carlos Barria/REUTERS

အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်ရဖို့ အတည်ပြုထားပြီးသား ဒုက္ခသည်တွေရဲ့ လေယာဉ် ခရီးစဉ်တွေကို ထရမ့်ပ်အစိုးရက ပယ်ဖျက်လိုက်ပါတယ်။

စစ်ဘေးဒဏ်နဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ နှစ်နဲ့ချီပြီး စိစစ်မှုတွေကို ဖြတ်သန်းခဲ့ရပေမဲ့ အခုတော့ နေရာအသီးသီးမှာ ပိတ်မိနေကြပါတယ်။

အဲဒီထဲမှာ အမေရိကန်စစ်တပ်ကို ကူညီခဲ့တဲ့ အာဖဂန်နိုင်ငံသား ၁,၆၀၀ ကျော်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။

#AfghanEvac အဖွဲ့ကတော့ ဒီလို လေယာဉ်ခရီးစဉ်တွေ ပယ်ဖျက်လိုက်တာဟာ အမေရိကန်စစ်တပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီး လေယာဉ်မှူးတွေ၊ အမေရိကန်တပ်သားတွေရဲ့ မိသားစုတွေ၊ အမေရိကန်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေ အပါအဝင် ထောင်ပေါင်းများစွားကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ အထူးလူဝင်မှုကြီးကြပ်ရေးဗီဇာ (Special Immigrant Visa) ကိုင်ဆောင်ထားသူတွေကိုတော့ ခရီးသွားခွင့် ပြုထားပါသေးတယ်။ အမေရိကန်မှာ ရောက်ရှိနေပြီးသား ဒုက္ခသည်တွေလည်း ဝန်ဆောင်မှုတွေ ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။

ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘိုင်ဒင်အစိုးရလက်ထက်မှာ တနှစ်ကို လူပေါင်း ၁၂၅,၀၀၀ လက်ခံဖို့ သတ်မှတ်ထားခဲ့ပေမဲ့ အခု ထရမ့်ပ်အစိုးရက ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို “အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့အချိန်အထိ” ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013