
တက်စလာစီအီးအို အီလွန်မတ်စ်ခ်သာ ဆန္ဒရှိမယ်ဆိုရင် TikTok ကို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်ပ်က ပြောပါတယ်။
အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အီလွန်မတ်စ်ခ်ကို TikTok ဝယ်ယူခွင့် ပေးနိုင်တယ်ဆိုရင် ပေးမှာလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “သူသာ ဝယ်ဖို့ဆန္ဒရှိရင် ကျနော်က ခွင့်ပြုမှာပါ” လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ TikTok သုံးစွဲသူ သန်း ၁၇၀ ရှိပြီး လက်ရှိအချိန်မှာ ယာယီ ပိတ်ပင်ထားပါတယ်။
နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ TikTok အသုံးပြုခွင့်ပိတ်တာ ဒါမှမဟုတ် ရောင်းချဖို့ ဥပဒေက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဘလွန်းဘတ်က ပြီးခဲ့တဲ့ အပတ်တုန်းက TikTok ပိုင်ရှင်တွေဟာ အီလွန်မတ်စ်ခ်ကို ရောင်းချဖို့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပေမဲ့ ByteDance ကုမ္ပဏီကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။
ထရမ့်ပ်က တနင်္ဂလာနေ့မှာ TikTok ပိတ်ပင်မယ့်ကိစ္စကို ၇၅ ရက် ရွှေ့ဆိုင်းဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်ရှိအချိန် အမေရိကန်မှာ TikTok ကို Download လုပ်လို့ မရသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
Source : Reuters