Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် အမြန်ဆုံးတွေ့ရန် ဂျပန်ဝန်ကြီးချုပ် မျှော်လင့်
DVB
·
January 21, 2025
Photo: REUTERS/Kim Kyung-Hoon/Pool

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘတို့အကြား အစောဆုံး တွေ့ဆုံခွင့်ရဖို့ ဂျပန်နိုင်ငံက မျှော်လင့်ထားတယ်လို့ ဂျပန်ရဲ့ ထိပ်တန်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၀ ရက်က တိုကျိုမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့  ပိုမိုအားကောင်းလာစေဖို့ ထရမ့်ပ် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှိအာဆာ ဟာယရှိက ပြောပါတယ်။

ထရမ့်ပ်ဟာ တနင်္လာနေ့မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကို စတင်ခဲ့တာပါ။

နယ်စပ်လုံခြုံရေးကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအထိ ကိစ္စရပ်တွေအတွက် အုပ်ချုပ်ရေးအမိန့်တွေကို လက်မှတ်ထိုးဖို့ ထရမ့်ပ်က ကတိပြုထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013