ရုရှားစစ်ဦးစီးချုပ် ဗလာရီ ဂျေရာစီမော့ဗ်ဟာ တပ်ဖွဲ့ဝင်တွေဆီ သွားခဲ့ပြီး ဒန်ညက်စ်ခ်ဒေသထဲက စစ်ရေးလေ့ကျင့်မှုမှာ ပါတဲ့ စစ်သားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
ဝန်ကြီးဌာနရဲ့ တယ်လီဂရန်ချန်နယ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာ ဂျေရာစီမော့ဗ်က ပျက်စီးနေတဲ့ အခြေချနေထိုင်ရာ နေရာတွေပေါ်မှာ ရဟတ်ယာဉ်နဲ့ ပျံသန်းနေတာကို မြင်တွေ့ရပြီး ပျက်စီးနေတဲ့ လမ်းတလျှောက် ကားမောင်းသွားရင်း စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို ဆုတွေချီးမြှင့်ခဲ့တာပါ။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒန်ညက်စ်ခ်ဒေသက ဗော့ဗ်ကိုဗေရွာကို ရုရှားတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ TASS က အင်္ဂါနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်မြေပြင်အစီရင်ခံစာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
Source : Reuters